Facial Treatment လုပ်ပြီးနောက်ဆောင်ရန်ရှောင်ရန်များ

Facial Treatment လုပ်ပြီးနောက်ဆောင်ရန်ရှောင်ရန်များ

13 December, 2021

Facial Treatment လုပ်ပြီးနောက်ဆောင်ရန်ရှောင်ရန်များ

အသားအရေထိန်းသိမ်းတယ်ဆိုတာ ရေရှည်လုပ်ရတဲ့အရာမျိုးဖြစ်ပါတယ်။ ရေရှည်လုပ်သွားမှ အကျိုးရလဒ်ကို ခံစားရတာဖြစ်ပါတယ်။ ဆိုင်မှာ Facial Treatment လုပ်ထားတဲ့သူတွေအနေနဲ့ Treatment လုပ်ပြီးပြီး ဆိုပြီး ဒီတိုင်းပစ်ထားလို့မရပါဘူး။ Treatment လုပ်ထားတာ ပိုပြီး ထိရောက်ဖို့ ဂရုစိုက်ရမယ့်အရာတွေလေးတွေရှိပါတယ်။

ဘာတွေဂရုစိုက်ရမလဲဆိုတာ တစ်ပုံချင်းဖတ်ကြည့်ပေးသွားဦးနော်။

(၁) အပူနဲ့တိုက်ရိုက်ထိတွေတာမျိုးတွေကို ရှောင်ဖို့လိုပါတယ်။ အထူးသဖြင့် နေရောင်ခြည်ပါ။ Treatment လုပ်ပြီးပြီးချင်း အချိန်မှာ အသားအရေက နေရောင်ခြည်ဒဏ်ကို မခံနိုင်သေးပါဘူး။ အပြင်ထွက်မယ်ဆိုရင်လည်း နေရောင်ခြည်တိုက်ရိုက်မထိတွေ့အောင် ဦးထုပ်၊ ထီးဆောင်းပေးပါ။ Suncream လိမ်းပေးပါ။ အနည်းဆုံး ၃ ရက်လောက် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုး ရှောင်ဖို့လိုပါတယ်။  

(၂) မျက်နှာကို Scrub ခဏခဏ လုပ်တာမျိုး ရှောင်ပါ။ Scrub ခဏခဏ လုပ်တာမျိုးက အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ အသားအရေတွေ ပါးလာတဲ့အပြင် နီစပ်စပ် အသားအရေပုံစံမျိုးပါဖြစ်သွားနိုင်ပါတယ်။

(၃) Treatment လုပ်ပြီးတဲ့အချိန်မှာ ‌‌ဆေးလိပ်နဲ့ alcohol ကိုလည်းရှောင်ဖို့လိုပါတယ်။ ဆေးလိပ်မှာပါတဲ့ ပါဝင်ပစ္စည်းတွေက ချွေးပေါက်ပိတ်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ Alcohol မှာပါတဲ့ ပါဝင်ပစ္စည်းတွေကလည်း အိုမင်းရင့်ရော်ခြင်းကို မြန်မြန်ဖြစ်စေပါတယ်။