Eyebrows Tattoo ဆို v47 ကိုသတိရပါ

Eyebrows Tattoo ဆို v47 ကိုသတိရပါ

13 December, 2021

Eyebrows Tattoo ဆို v47 ကိုသတိရပါ

ဒီဘက်ခေတ်မှာ Eyebrow Tattoo ထိုးတာလေးတွေခေတ်စားလာပါတယ်။ ဒါပေမဲ့ အလွဲလွဲအချော်ချော်ဖြစ်သွားရင်လည်း မလှတာမျိုးတွေ၊ မလိုက်ဖက်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာတွေမဖြစ်ရအောင် Eyebrow Tattoo မထိုးခင် သတိထားရမယ့်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(1) Are you sure?

Eyebrow tattoo ဆိုတာ semi-permanent ဖြစ်ပါတယ်။ quality ကောင်းတဲ့ eyebrow tattoo တွေဆိုရင် (၂) နှစ်၊ (၃) နှစ်လောက်ထိ ခံကြပါတယ်။ ဒါကြောင့် eyebrow tattoo ထိုးချင်တာ သေချာလားဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကို သေချာအောင် ဆန်းစစ်သင့်ပါတယ်။

(2) Research Eyebrow Tattoo Design

ဟုတ်ပါတယ်။ Eyebrow Tattoo မထိုးခင် ကိုယ့်မျက်နှာနဲ့လိုက်မယ့် ဒီဇိုင်း ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ကြိုရှာထားသင့်ပါတယ်။ ဒါမှလည်း ကိုယ့်မျက်နှာနဲ့ လိုက်မလိုက်ကို သိနိုင်မှာပါ။

(၃) Discuss with Professional

မျက်နှာနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းကို စဉ်းစားမရတော့ဘူးဆိုရင်တော့ Eyebrow Tattoo ထိုးပေးမယ့် ကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ဆွေးနွေးပါ။ 

(၄) Find a good beauty center

ကိုယ်လိုချင်တဲ့ဒီဇိုင်းဖြစ်ဖို့၊ ကိုယ်နဲ့လိုက်မယ့်ဒီဇိုင်းဖြစ်ဖို့၊ ကိုယ်လိုချင်တဲ့အတိုင်း ကွက်တိဖြစ်ဖို့ဆိုတာ quality ကောင်းတဲ့ beauty center တစ်ခုကို ရှာထားဖို့လိုပါတယ်။ ကောင်းတဲ့ beauty center တွေဆိုရင် ကျွမ်းကျင်ပညာရှင်တွေနဲ့ တစ်ခါတည်းဆွေးနွေးလို့ရအောင်ပါ စီစဉ်ပေးထားကြပါတယ်။ V47 မှာဆိုရင်လည်း Eyebrow Tattoo မထိုးခင် လိုချင်တဲ့ပုံစံ၊ လိုက်ဖက်တဲ့ဒီဇိုင်းကို မျက်ခုံးမွှေးဆွဲတံနဲ့ ဆွဲပြပေးပြီး ကျွမ်းကျင်တဲ့သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပေးတာမျိုးလေး လုပ်ပေးတာရှိပါတယ်။

Quality ကောင်းတဲ့ Eyebrow Tattoo တွေကို V47 မှာလည်း လာရောက် ပုံဖော်လို့ရနေပါပြီနော်။