အိမ်မှာနေရင်း ဆားဝက်ခြံတွေကို ကုသမယ်...

အိမ်မှာနေရင်း ဆားဝက်ခြံတွေကို ကုသမယ်...

9 December, 2021

အိမ်မှာနေရင်း ဆားဝက်ခြံတွေကို ကုသမယ်...

ဆားဝက်ခြံတွေအများကြီးထွက်လာရင် ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်စိတ်ညစ်ရပါတယ်။ အဲ့ဒီလိုတွေစိတ်မညစ်ရအောင် အိမ်မှာနေရင်းပဲ ဆားဝက်ခြံတွေကုသလို့ရမယ့်နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့ အလွယ်တကူလုပ်လို့ရတဲ့အတွက် တော်တော်လေးအဆင်ပြေပါတယ်။

ဒါပေမဲ့ ဒီ Treatment လေးတွေက အရေပြားကို ခြောက်သွေ့စေတဲ့အတွက် ခဏခဏတော့ Treatment မလုပ်ပါနဲ့။ Treatment လုပ်ပြီးသွားတဲ့အချိန်မှာလည်း  Moisturizer လေးသုံးပေးဖို့လိုပါတယ်။

 ဒါနဲ့… V47 မှာလည်း ဆားဝက်ခြံကြောင့် စိတ်ညစ်နေတဲ့သူတွေ ဆားဝက်ခြံကုသမှုကို ခံယူလို့ရနေပါပြီနော်။

Baking Soda

Baking Soda ဆိုတာ အလွယ်တကူဝယ်လို့ရသလို ဆားဝက်ခြံသက်သာအောင် ကုသတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ Baking Soda က အရေပြားအတွင်းရှိ pH imbalance ဖြစ်တာကိုလည်း လျော့နည်းစေတဲ့အပြင် ဖုန်တွေ၊ အဆီတွေ၊ ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။ Baking Soda (၂) ဇွန်း၊ ရေ (၂) ဇွန်းကို ရောမွှေပြီး ဆားဝက်ခြံဖြစ်တဲ့နေရာလေးတွေကို သုတ်လိမ်းပေးပါ။ Baking soda လိမ်းထားတဲ့နေရာလေးတွေကိုနှိပ်နယ်ပေးပြီး ရေနွေးနွေးလေးဖြင့်ဆေးချပါ။

Exfoliation

နောက်ထပ်ကုသလို့ရတဲ့နည်းလမ်းကတော့ သကြားညို၊ ပျားရည်၊ ရှောက်သီး ဒါမှမဟုတ် သံပရိုသီး mixture ဖြစ်ပါတယ်။ သကြားညိုး (၁) ဇွန်း၊ ပျားရည် (၁) ဇွန်း၊ ရှောက်သီး ဒါမှမဟုတ် သံပရိုသီး (၂) ဇွန်းကို ရောစပ်ပြီး ဆားဝက်ခြံရှိတဲ့ နှားခေါင်းတို့၊ ပါးပေါ်တို့သုတ်လိမ်းပေးပါ။ (၅) မိနစ်လောက် နှိပ်နယ်ပြီးရင်တော့ ရေဆေးချလို့ရပါပြီ။

Turmeric

နောက်ထပ်နည်းလမ်းတစ်ခုကတော့ နနွင်းဖြစ်ပါတယ်။ နနွင်းက လူတွေအတွက် ဆေးဖက်ဝင်တဲ့ပစ္စည်းတစ်ခုဆိုတာ လူတိုင်းသိပြီးသားပါ။ နနွင်းရယ်၊ ရေ ဒါမှမဟုတ် coconut oil ကိုရောစပ်ပြီး ဆားဝက်ခြံရှိတဲ့နေရာလေးတွေကို သုတ်လိမ်းပေးပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။

Egg White

ဒီနည်းလမ်းလေးကလည်း လွယ်ကူတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ကြက်ဥတစ်လုံးကို အနှစ်ထုတ်ပြီး အကာကိုပဲ မွှေပါ။ ပျားရည်ထည့်ချင်လည်းရပါတယ်။ ပြီးရင် မျက်နှာပေါ်အုပ်ပြီး အခြောက်ခံပါ။ ပြီးရင် နောက်ထပ်တစ်လွှာအုပ်ပြီး အခြောက်ခံပါ။ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။

Green Tea

Green Tea က အရေပြားအဆီထွက်တာကို လျော့နည်းစေပါတယ်။ Green Tea အရွက်ရယ်၊ ရေရယ်ရောစပ်ပြီး လိုအပ်တဲ့နေရာလေးတွေ လိမ်းပေးလို့ ရပါတယ်။ ၃ မိနစ်လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။