ကိုယ့်မျက်နှာက ဘယ်ပုံစံလဲ သိကြလား?

ကိုယ့်မျက်နှာက ဘယ်ပုံစံလဲ သိကြလား?

13 December, 2021

ကိုယ့်မျက်နှာက ဘယ်ပုံစံလဲ သိကြလား?

မိန်းကလေးအားလုံးနဲ့အဆင်ပြေတဲ့ ဆံပင်ပုံစံဆိုတာတစ်မျိုးတည်း မရှိပါဘူးနော်။ မျက်နှာကျလေးတွေက မတူမှမတူပဲ။ သင့် မျက်နှာကျအပြင် သင့် အသားအရည် မျက်လုံး နှာတံ အစရှိတဲ့ အရာတွေ အပေါ်မူတည်ပြီး ဆံသကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်တာကတော့ အကောင်းဆုံးပါ။

ဒါပေမဲ့ အိမ်မှာပဲ နေရင်း ဆံပင်ပုံစံချိန်းချင်တဲ့ ကောင်မလေးတွေအနေနဲ့ ငါဘယ်လိုစတိုင်နဲ့လိုက်မလဲဆိုတာမျိုးကို ကိုယ့်ဘာသာ ပုံဖော်နိုင်အောင်လို့ ဒီနေ့မှာတော့ ဘယ်လိုမျက်နှာကျပုံစံလေးတွေက ဘယ်ဆံပင်ပုံနဲ့ လိုက်ဖက်လဲဆိုတဲ့ General Knowledge လေးကို ပြောပြပေးမှာပါ။ များသောအားဖြင့် တွေ့ရတာများတဲ့ မျက်နှာပုံစံလေးတွေက Round shape, Oval shape, Heart shape, Square shape, Diamond shape နဲ့ Oblong shape  တို့ပါပဲ။

Round -Shaped Face ( အဝိုင်းမျက်နှာပုံစံ)

မျက်နှာဝိုင်းလေးတွေနဲ့ လိုက်ဖက်မယ့်ဆံပင်ပုံကတော့ အရိုးရှင်းဆုံးဖြစ်တဲ့ ဆံပင်အဖြောင့်နဲ့ အရှည်လေးတွေပါ။

မတိုမရှည်မဟုတ်ဘဲ အပေါ်ပိုင်းမှာထူအောင်ပုံသွင်းထားတဲ့ ဆံပင်အတိုစတိုလ်လေးတွေဆိုလည်း အဆင်ပြေပါတယ်။

ရှောင်ရမှာကတော့ အရှေ့ဆံပင်တိုကို အလယ်ခွဲထားတာမျိုးပါ။

Diamond Face (ဒိုင်းမွန်းမျက်နှာပုံစံ)

ဒီမျက်နှာပိုင်ရှင်လေးတွေကတော့ နှဖူးကျဥ်းတာကို ကျယ်သယောင်ထင်ရမယ့် ဆံပင်ပုံလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။‌ ရှေ့ဆံပင်အချွန်လေးတွေ၊ China bob နဲ့ ဆံပင်ရှည် အဖြောင့်၊အကောက်နဲ့လည်း အဆင်ပြေပါတယ်။

Square Face (လေးထောင့်ကျမျက်နှာပုံစံ)

ထင်းလွန်းတဲ့မေးရိုးလေးတွေကို ခပ်ပါးပါးလေးဖုံးတဲ့ layer နဲ့ဆံပင်လေးတွေက သင့်လျော်ပါတယ်။

Bob အကောက်အဖြောင့်လေးတွေနဲ့လည်း အဆင်ပြေပါသေးတယ်။

Over Shaped Face (ဘဲဥမျက်နှာပုံစံ)

သင်ကဘဲဥပုံစံကျ မျက်နှာကို ပိုင်ဆိုင်ထားတယ်ဆိုရင် တကယ်ကိုကံကောင်းတဲ့သူပါ။

ဘဲဥပုံမျက်နှာလေးတွေကတော့ မလိုက်ဖက်တဲ့ပုံဆိုတာ သိပ်မရှိပါဘူး။ ကိုယ့်ဆံပင်သားပေါ်မူတည်ပြီး ဆံပင်ပညာရှင်နဲ့တိုင်ပင်ပြီး နှစ်သက်တဲ့ပုံလေးတွေ ရွေးချယ်နိုင်ပါတယ်။

Long Face (အရှည်ပုံစံမျက်နှာ)

မျက်နှာရှည်တဲ့သူလေးတွေကတော့ အလယ်ခွဲ wavy ဆံပင်ရှည်လေးတွေ၊ ဒါမှမဟုတ် ဘေးနှစ်ဖက် အညီဖြစ်မနေတဲ့ ဆံပင်အတိုလေးတွေနဲ့ဆို ရှည်နေတဲ့မျက်နှာကို ဖုံးပေးနိုင်မှာပါ။

ဒါပေမယ့်ခုနကပြောသလို အားလုံးနဲ့အဆင်ပြေတဲ့ ဆံပင်ပုံဆိုတာမရှိပါဘူး။ မျက်နှာပုံစံ သင့် အသားအရေနဲ့ လိုက်ပြီး ဆံပင်ကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်တာ အကောင်းဆုံးပါ။

Heart Face (အသည်းပုံစံမျက်နှာ)

အသဲပုံမျက်နှာပိုင်ရှင်လေးတွေကတော့ layer လေးတွေနဲ့ လိုက်ဖက်ပါတယ်။ ကိုယ့်ရဲ့မေးရိုးကို ပေါ်လွင်စေမယ့်ဆံပင်ပုံလေးတွေကို ရွေးသင့်ပါတယ်။