တင်းတိပ်ဆိုတာကတော့ လူတော်တော်များများသိပြီးသားဖြစ်တဲ့အတိုင်း အရေပြားပေါ်မှာ အညိုရောင်အစက်အပြောက်လေးတွေပေါ်လာတာဖြစ်ပါတယ်။ တင်းတိပ်တော်တော်များများကတော့ အရေပြားအတွက် အန္တရာယ်မဖြစ်စေနိုင်ပါဘူး။ ဒါပေမဲ့ တင်းတိပ်ကြောင့် စိတ်ညစ်နေတဲ့သူတွေ ရှိတဲ့အတွက် ဘာကြောင့် တင်းတိပ်တွေ ဖြစ်လာလဲ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။
တင်းတိပ်မှာ Ephelides နဲ့ Solar Letigines ဆိုပြီး နှစ်မျိုးရှိတယ်။ Ephelides ကတော့ နေရောင်ခြည်တိုက်ရိုက်ထိတွေ့တာများတဲ့ အရေပြားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ တင်းတိပ်မျိုးပါ။ Solar Letigines ဆိုတာကတော့ အသက် (၄၀) ကျော်အရွယ်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ တင်းတိပ် အမျိုးအစားဖြစ်ပါတယ်။
ခြုံပြီးပြောရရင်တော့ တင်းတိပ်ဆိုတာက နေရောင်ခြည်တိုက်ရိုက်ထိတဲ့ အရေပြားတွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် အပြင်သွားရင် ထီး ဒါမှမဟုတ် ဦးထုပ်ဖြစ်ဖြစ်ဆောင်းသွားပါ။ တကယ်လို့ တင်းတိပ်ဖြစ်ရင်လည်း သိပ်ပြီး မစိုးရိမ်ပါနဲ့။ ကုသလို့ရမယ့်နည်းလမ်းတွေရှိပါတယ်။ နောက်နေ့တွေမှာလည်း တင်းတိပ်ကို ဘယ်လိုကုသလို့ရမလဲဆိုတဲ့အကြောင်းအရာလေးကို V47 Page မှာ ဖော်ပြပေးသွားပါ့မယ်။
ဪဒါနဲ့…V47 မှာလည်း တင်းတိပ်ကုသခြင်းကို ကျွမ်းကျင်သူတွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး လုပ်လို့ရနေပါပြီ။ တင်းတိပ်ကြောင့် စိတ်ညစ်နေရင် V47 ကိုသာ အရောက်လာခဲ့လိုက်ပါနော်။