ဗောက်ထယားယံခြင်းတွေက ဘာကြောင့်ဖြစ်တာလဲ

ဗောက်ထယားယံခြင်းတွေက ဘာကြောင့်ဖြစ်တာလဲ

13 December, 2021

ဗောက်ထယားယံခြင်းတွေက ဘာကြောင့်ဖြစ်တာလဲ

ဗောက်ထတယ်ဆိုတာ မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ် နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ဗောက်ထရတဲ့အကြောင်းအရင်းတွေနဲ့ ကုသလို့ရမယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) ဗောက်ထရတဲ့အကြောင်းအရင်းအများကြီးထဲမှာမှ အဖြစ်အများဆုံးက ဦးရေပြားခြောက်သွေ့လို့ဖြစ်ပါတယ်။ ဦးရေပြားကို moisturize လုပ်ပေးမယ့် Shampoo တစ်ခုခုပြောင်းသုံးပေးဖို့လိုပါတယ်။ ခေါင်းလျှော်ပြီးတဲ့အချိန်မှာလည်း ဦးရေပြားကို moisturize လုပ်ပေးမယ့် အဆီတစ်ခုခုကို လိမ်းပေးလို့လည်းရပါတယ်။ ဗောက်အတွက်ဆိုရင် V47 က Nikola Shampoo ကိုလည်းအသုံးပြုနိုင်ပါတယ်။

(၂) Shampoo နဲ့သေချာမလျှော်တာ၊ လျှော်ပြီးရင်လည်း ရေသေချာမဆေးတာမျိုးကြောင့်လည်း ဗောက်ထတတ်ပါတယ်။ အလွယ်ပြောရရင် ခေါင်းကို ပြီးစလွယ်လျှော်တာမျိုးဖြစ်ပါတယ်။ ဒီကိစ္စက ယောက်ျားလေးတွေ အဖြစ်များမယ်ထင်ပါတယ်။ ခေါင်းလျှော်တဲ့အချိန်မှာ Shampoo ကို တစ်ခေါင်းလုံးနှံ့စပ်အောင် လျှော်ပေးဖို့လိုပါတယ်။ ပြီးရင် Shampoo တွေ ဦးရေပြားမှာ ကပ်မကျန်နေအောင် ရေသေချာဆေးပေးဖို့လိုပါတယ်။

(၃) ကိုယ်သုံးနေတဲ့ Shampoo ဒါမှမဟုတ် Hair Product တစ်ခုခုနဲ့ မတည့်တာမျိုးကြောင့်လည်း ဗောက်ထတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ်ကဖြစ်တာလဲဆိုတာ သေချာဆန်းစစ်ဖို့လိုပါတယ်။

(၄) ဖုန်တွေ၊ သဲတွေကြောင့်လည်း ဗောက်ထတာမျိုးဖြစ်ပါတယ်။ ခေါင်းက ထွက်တဲ့အဆီနဲ့ ဖုန်တွေရောပြီးဗောက်ထယားယံလာတာမျိုးတွေဖြစ်တတ်ပါတယ်။ 

(၅) နောက်ဆုံးတစ်ခုကတော့  medical condition တစ်ခုခုကြောင့် ဗောက်ထတာမျိုးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့သေချာပြပြီး ဆရာဝန်ညွှန်ကြားတဲ့ Shampoo နဲ့ Hair Product တွေကသာ အသုံးပြုသင့်ပါတယ်။

ကဲ…ဒီလောက်ဆိုရင် ဗောက်ထတဲ့အကြောင်းအရင်းတွေကို သိသွားလောက်ပြီထင်ပါတယ်။ Hair Style တွေပြောင်းချင်တဲ့သူတွေရရှိလည်း V47 ကို လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ။