အရှေ့တစ်ခေါက်မှာတုန်းကတော့ တင်းတိပ်တွေ ဘာကြောင့်ဖြစ်လဲဆိုတာကို ပြောပြပေးခဲ့ပါတယ်။ မဖတ်ရသေးရင် သွားဖတ်ကြည့်လို့ရပါတယ်။ (ဘာကြောင့်တင်းတိပ်တွေဖြစ်လာတာလဲ?) ဒီတစ်ခေါက်မှာတော့ တင်းတိပ်တွေကို သက်သာအောင် ကုသလို့ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားပါ့မယ်။
(၁) Sunscreen
Sunscreen က တင်းတိပ်တွေကို ပျောက်အောင်တော့ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ Sunscreen လိမ်းထားမယ်ဆိုရင် နောက်ထပ်တင်းတိပ်တွေ ထပ်မထွက်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။ နေရောင်ခြည်တိုက်ရိုက်ထိတာကိုလည်း ကာကွယ်ပြီးသားဖြစ်ပါတယ်။
(၂) Laser Treatment
ဒီဘက်ခေတ်မှာတော့ တင်းတိပ်တွေကို Laser Treatment နဲ့ ကုသလို့ရနေပါပြီ။ Laser Treatment လုပ်မယ်ဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ အရင်ဆုံးတိုင်ပင်ဆွေးနွေးကြည့်ပါ။
(၃) Beaching Cream or Retinoid Cream
Beaching cream or Retinoid cream တစ်ခုခုကို သုံးပြီးတော့လည်း တင်းတိပ်တွေကို သက်သာအောင် ကုသလို့ရပါတယ်။
(၄) Natural Remedies
သဘာဝအတိုင်း ကုသချင်တယ်ဆိုရင်တော့ ရှောက်သီး၊ သံပရိုသီး၊ ပျားရည်၊ အဆီထုတ်ထားပြီးသားနွားနို့၊ sour cream၊ ဒိန်ချဉ်၊ ကြက်သွန်နီကို အသုံးပြုပြီး ကုသလို့ရပါတယ်။ အပေါ်မှာဖော်ပြထားတဲ့သဘာဝပစ္စည်းတစ်ခုခုနဲ့ အရေးပြားပေါ် သုတ်လမ်းတာပဲဖြစ်ဖြစ်၊ ကပ်ထားတာပဲဖြစ်ဖြစ်ပြုလုပ်ပြီး တင်းတိပ်တွေကို သက်သာအောင်လုပ်လို့ရပါတယ်။
ဒါနဲ့ပြောဖို့ တစ်ခုမေ့တော့မလို့…V47 မှာလည်း တင်းတိပ်တွေ သက်သာပျောက်ကင်းအောင် Treatment လုပ်လို့ရပါတယ်နော်။